Evil Limiter : How to limit bandwidth of Devices in a Network

ကျနော်တို့ Wifi Free ရတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာဆို တစ်ခါတစ်လေစားရင်းသောက်ရင်း Wifi ဝင်သုံးဖူးကြမှာပါ။ ကိုယ်က Internet Free လေးရတုန်း လိုချင်တဲ Files တွေ Download နေရင်း သုံးတဲ့သူများတာကြောင့် လိုင်းမကောင်းတာတို့၊ တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတာတို့ဆို အတော်ခံစားရပါတယ် (မျက်ရည်လေးများနှစ်စက်လောက် ကျခဲ့ရတယ် ) သုံးတဲ့သူများလို့လိုင်းမကောင်းတာက တစ်ချက်၊ ဆိုင်ကယူထားတဲ့ Bandwidth Speed က နည်းနည်းလေးဆို ပိုဆိုးပါတယ်။ အခု ကျနော်ပြောမယ့် Evil Limiter Tool က သူက Same Network တစ်ခုအတွင်းမှာရှိတဲ့ Devices တွေရဲ့ Bandwidth usage ကို လျော့ချပေးတာပါ။ မလျော့ချချင်ဘူး၊ ကိုယ်က လွဲပြီးကျန်တဲ့သူ သုံးမရတော့အောင် အကုန်ဘလော့မယ် ဆိုလည်းရပါတယ် 😛

ကောင်းတော့ မကောင်းဘူးပေါ့ဗျ ။ အခုဟာက Parrot Security OS ပေါ်မှာ စမ်းပြထားတာပါ။ အရင်ဆုံး Tool ကို download ချလိုက်မယ် ။

git clone https://github.com/bitbrute/evillimiter.git

ပြီးရင် install လုပ်လိုက်မယ် ။ဘယ်လို သွင်းရတယ်ဆိုတာတော့ မပြတော့ဘူးနော်။ ကျနော်အခုစမ်းမှာက Wifi ရတဲ့ လက်ဖက်ရည်ဆိုင် တစ်ခုမှာပါ။ သွင်းပြီးရင် Terminal မှာ evillimiter ဆိုပြီး ရိုက်ပြီး ဖွင့်လိုက်ပါ ။ ဖွင့်ပြီးရင် network ထဲက devices တွေကို အရင် scan မယ်။ ဘာတွေရှိတယ်ဆိုတာ သိမှ ဘာညာလုပ်လို့ရမှာလေ။ scan ဆိုပြီး command ရိုက်လိုက်ယုံနဲ့ အောက်ကပုံအတိုင်း သူ့ဘာသာသူ ရှာသွားလိမ့်မယ်။ပုံထဲ အတိုင်းဆို Network ထဲမှာ Router ပါအဝင် Devices 16 ခုရှိတယ် ။ အဲ့ Devices List ကို ကြည့်ချင်ရင် hosts ဆိုပြီး ပြန်ရိုက်လိုက်ယုံပဲ ။

အောက်ကပုံမှာ ရိုက် ပြထားတယ်နော် ။

အိုကေ ကျနော်တို့ Devices တွေကို လည်း သိပြီ။ သူတို့ရဲ့ bandwidth တွေကို လျော့ချကြည့်ရအောင် ။ upload/download speed တွေကို Limit လုပ်ကြည့်မယ်။ မဟုတ်ရင် ကိုယ့်ဘက်မှာ လိုင်းကတအားကြီးတက်မှာ မဟုတ်တော့ဘူး ။ ညစ်ပတ်တာ 😛

ကျနော်က သူတို့အားလုံးကို upload/download speed အားလုံးမှ 70kbit ပေးလိုက်တယ်။ သူတို့ အဲ့ဒီထက် ပိုပြီး လိုင်း ဘယ်လောက်ကောင်းကောင်း 70kbit ကနေ မကျော်တော့ဘူး ။Video download ချနေတဲ့ ကောင်တွေတော့ မျက်ရည်ပဲ ။ကျနော် သုံးတဲ့ command က

limit 1,2,3,4,5,6,7,8,9,10,11,12,13,14,15 70kbit

အဲ့မှာ သိရမှာက ကျနော်က သူတို့ကို 70kbit ထက်မကျော်စေချင်လို့ 70kbit လို့သုံးတာပါ။ bit, kbit, mbit, gbit, tbit ကြိုက်တာသုံးလို့ ရပါတယ်။ အားလုံးကို Rate တစ်မျိုးထဲ သတ်မှတ်လို့ရသလို ၊ တစ်ခုကို တစ်မျိုးလည်း သတ်မှတ်လို့ရပါတယ် ။ ပြီးတော့

1,2,3,4 ဆိုတာတွေက Devices တွေရဲ့ ID နံပါတ်တွေကိုပြောတာပါ။ အပေါ်ပုံမှာ ပြန်ကြည့်ရင် ဘယ်ဘက်မှာတွေ့မှာပါ။ ကိုယ် limit လုပ်ချင်တဲ့ Device ID ထည့်လိုက်ယုံပဲ ။ ပြန်ကြည့်ရမှာက ကျနော် ID 0 ကိုမထည့်ခဲ့တာ သတိထားမိမှာပါ။ ဘာလို့လဲဆိုတာ ID 0 က 192.168.1.1 ဆိုတာ Router ရဲ့ IP Address ကြီးဗျ ။ Router ကိုပါ ကျနော်တို့က limit လုပ်မယ့်အထဲ ထည့်လိုက်ရင် ကိုယ်ပါ bandwidth speed ကျသွားတာ မို့ပါ။ အကုန်လုံးကို limit လုပ်ချင်ရင် limit all 70kbit ဆိုပြီး လုပ်လို့ရတယ် ။ ဒါပေမယ့် Router ကော limit လုပ်တဲ့အထဲပါသွားမှာမို့ တစ်ခုချင်းစီရိုက်လိုက်တာပါ။ အောက်ကပုံကို ကြည့် ကြည့်ပါ။

အိုကေ ကျနော်တို့Devices တွေကို limit လုပ်ထားလား ၊မလုပ်ထားလား ပြန်ကြည့်ချင်ရင် hosts ဆိုတာလေး ပြန်ရိုက်ပေးရုံပဲနော် ။ အပေါ်ဆုံးက Free ဖြစ်နေတဲ့ Router ကလွဲပြီး ကျန်တာ အကုန် Limited ဖြစ်နေမှာပါ။

evillimiter

ဟုတ်ပြီဗျာ ကျနော်တို့ ကကိုယ်ကလွဲပြီး ကျန်တဲ့သူတွေကို အကုန် အင်တာနက်မသုံးစေချင်ဘူး ။အကုန် Block ပေးမယ်။ ဒါဆို ဟိုဘက်ကတွေက Wifi ကြီးသာချိတ်ပြီး ဘာအင်တာနက်မှ တက်မလာတော့ပါဘူး ။ မကောင်းဘူးပေါ့ဗျာ ၊မကောင်းလည်း ချသာချ 😛

block 1,2,3,4,5,6,7,8,9,10,11,12,13,14,15 

အဲ့မှာလည်း ID 0 မထည့်ထားတာတွေ့မှာပါ။ မဟုတ်ရင် block all ဆိုပြီး ရိုက်လိုက်ယုံပဲလေ ။

ခုနလိုပဲ block လုပ်ထား၊ မလုပ်ထား ပြန်ကြည့်ချင်ရင် hosts ဆိုပြီးပြန်ရိုက်လိုက်ရုံပဲ ။

ကျနော်တို့ က limit လုပ်ထားတာ ဖြစ်ဖြစ် ၊ block လုပ်ထားတာ ဖြစ်ဖြစ်အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်စေချင်တယ်ဆိုရင် free all ဆိုပြီး ရိုက်ရင် ရပါတယ် ။ ဒါမှမဟုတ် free 1,2,3,4 စသည်ဖြင့် ကိုယ် limit or block လုပ်ထားတာတွေပဲ ပြန် free လုပ်မယ်ဆိုလည်း ရပါတယ် ။ ပြီးရင် ပြန်စစ် လိုက်တော့ အကုန် free ဆိုပြီး ပြန်ပေါ်နေမှာပါ။

ပြီးတော့ တစ်ခုပြောချင်တာက Devices တွေကို scan နေတုန်းမှာ netdiscover တို့လို tools တွေနဲ့ တစ်ပြိုင်နက် scan နေရင် network ထဲကချိတ်ထားတဲ့ devices list က မှန်နေမှာ မဟုတ်ပါဘူး ။ အဲ့ဒါကြောင့် တစ်ခုပြီးမှ တစ်ခုလုပ်တာ ပိုကောင်းပါတယ်။ ပြီးတော့ MAC Address change ဖို့မမေ့ပါနဲ့ ၊ 😛 ပြီးရင် တစ်ခုရှိတာက ဟိုဘက်က လိုင်းတအားကျလို့ဆိုပြီး Wifi ကို disconnect လုပ်ပြီး ၊ပြန် connect လုပ်ရင် သူက အလိုလို Free ဖြစ်သွားမှာပါ။ ဒါဆို ကျနော်တို့က ပြန် scanပြီး limit ပြန် လုပ်ပေးဖို့လိုပါတယ်။ ပြီးတော့ Evillimiter မှာက တခြား functions တွေပါပါသေးတယ်။ Readme ထဲဝင်ဖတ်ကြည့်ပါ ။

L34F ( Life is Like a Leaf )